Responsible Asia Forestry and Trade (RAFT) အပိုင်း သုံး၏ ကနဦး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

သြစတြေးလျနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံတွင် RECOFTC - The Center for People and Forests နှင့် The Nature Conservancy (TNC) တို့ ပူးပေါင်းဆောင်ရွက်မည့် Responsible Asia Forestry and Trade (RAFT) အပိုင်း သုံး၏ ကနဦးအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့၌ ရန်ကုန်မြို့ရှိ အင်းယားလိတ်ဟိုတယ် တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌါနမှ သစ်တောဦးစီးဌါနနှင့် မြန်မာသစ်လုပ်ငန်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များနှင့် သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ၊ FLEGT မှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၂ ဦးတက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ဒေါက်တာကျော်တင့်က Modified Myanmar Selection System ကို အကျယ်တ၀င့်ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်ဆွေးနွေးကြသူများက နည်းပညာ၊ လူမှုရေးရာ၊ စီးပွားရေးရာ နှင့် အဖွဲ့အစည်း ဆိုင်ရာ ရှုထောင့်များမှ ၀င်ရောက်ဆွေးနွေး ဖော်ထုတ်ခဲ့ကြပါသည်။