RECOFTC မြန်မာ
အခမ်းအနားများ

ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ ၂၀၁၈

Sep 18
2018
Location
Diamond Jubilee Hall, University of Yangon, Myanmar

 

စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းပမည့် ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ ပွဲတွင်တက်ရောက်ရန်ဖိတ်ခေါ် အပ်ပါတယ်။ ဝါးနှင့်ပြုလုပ်သည့် ပရိဘောဂပစ္စည်းများ၊ လက်မှု ထုတ်ကုန်များကို သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးများမှ ပြသသွားမှာမို့လို့ တက်ရောက်သူများအနေဖြင့် ဝါး နှင့် သဘာဝသယံဇာတများ၏ တန်ဖိုးကို ပိုမိုနားလည်သိရှိသွားမှာဖြစ်ပါတယ်။ ကျွနု်ပ်တို့ RECOFTC အနေဖြင့် RAFT3 စီမံကိန်း၏ ပံ့ပိုးမှုဖြင့် ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးမှ ဒေသခံပြည်သူများသည် သူတို့ကိုယ်တိုင် ပြုလုပ်သည့် ဝါးမှတစ်ဆင့်ထုတ်လုပ်သည့် စက်မှုထုတ်ကုန်များ၊ လက်မှုထုတ်ကုန်များကို လည်းပြသသွားမှာဖြစ်ပါတယ်။ ၎င်း ထုတ်ကုန်များသည် သစ်တောဦးစီးဌာနမှ နှစ်သုံးဆယ် စီမံအုပ်ချုပ်လုပ်ပိုင်ခွင့်ပေးထားသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောမှ ထုတ်ကုန်များဖြစ်သောကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘဲ ကျေးလက်နေပြည်သူများ စုပေါင်းဖွဲ့စည်းထုတ်လုပ်နေတာ ပဲဖြစ်ပါတယ်။