RECOFTC မြန်မာ
သတင်းများ

အမျိုးသားအဆင့် (၁၁) ကြိမ်မြောက် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းအဖွဲ့ (CFNWG) အစည်းအဝေးကျင်းပ

အမျိုးသားအဆင့် (၁၁) ကြိမ်မြောက် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းအဖွဲ့ (CFNWG) အစည်းအဝေးကျင်းပ
RECOFTC News

တစ်ဆယ့်တစ်ကြိမ်မြောက် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းအဖွဲ့ - Community Forestry National Working Group (CFNWG) အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့က နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အင်းကြင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ CFNWG အဖွဲ့ ဥက္ကဌ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း) ဦးကျော်ကျော်လွင်၊ ဒုတိယဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဆက်စပ်ဝန်ကြီးဌာနမှ အရာထမ်းများ၊ RECOFTC – The Center for People and Forests ကဲ့သို့သော အစိုးရမဟုတ်သည့် အဖွဲ့အစည်းတို့ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

“အခုအစည်းအဝေးမှာ ဆက်လက်လုပ်ဆောင်ရမယ့်လုပ်ငန်းများလည်း ကွဲကွဲပြားပြား သိသွားကြပြီ။ သတင်းအချက်အလက်မျှဝေရုံသာမက သိသာထင်ရှားတဲ့ ရလဒ်တွေရရှိဖို့ CFNWG အနေနဲ့ ဆောင်ရွက်ဖို့လိုပါမယ်” ဟု RECOFTC မြန်မာနိုင်ငံအစီအစဉ်၏ ဌာနေအစီအစဉ်ညှိနှိုင်းရေးမှူး ဒေါက်တာမောင်မောင်သန်းက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင်ရေးသားဖော်ပြထားပါသည်။

အဆိုပါ (၁၁) ကြိမ်မြောက် CFNWG အစည်းအဝေးတွင် တက်ရောက်လာသူများ၏ သဘောထားအမြင်များကို ပြည့်စုံစွာရယူမှတ်တမ်းတင်နိုင်ခဲ့ကာ လုပ်ငန်းစဉ်များကို ပိုမိုအဓိကထား ဦးတည်ဆွေးနွေးခဲ့ကြပါသည်။

ထို့အပြင် အစည်းအဝေး၌ ရေရှည်တည်တံ့သောသစ်တော/ မြေယာစီမံခန့်ခွဲမှုအတွက် မြေယာရှုခင်းတစ်ခုလုံးအား ချဉ်းကပ်ခြင်း - Forest Landscape Restoration၊ Sustainable Cropland and Forest Management in Priority Agro-ecosystem of Myanmar ခေါင်းစဉ်စသည်တို့ဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ လုပ်ငန်းအဖွဲ့အတွင်း မျှဝေခဲ့ကြပါသည်။