RECOFTC မြန်မာ
RAFT 3 - Myanmar

တတိယအကြိမ် သစ်တောဆိုင်ရာဆက်စပ်ပတ်သက်သူများဆွေးနွေးပွဲကျင်းပ

တတိယအကြိမ် သစ်တောဆိုင်ရာဆက်စပ်ပတ်သက်သူများဆွေးနွေးပွဲကျင်းပ

RECOFTC ၊ TNC နှင့် သစ်တောဦးစီးဌာန တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နေသည့် 
တာဝန်ယူမှုရှိသော အာရှဆိုင်ရာ သစ်တောစီမံအုပ်ချုပ်မှုနှင့် ကုန်သွယ်ခြင်းဆိုင်ရာ အပိုင်း (၃) စီမံကိန်း (Responsible Asia Forestry and Trade-III project RAFT-3)အောက်တွင် တတိယအကြိမ် သစ်တောဆိုင်ရာဆက်စပ်ပတ်သက်သူများဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဇွန်လ၂၂ တွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

သစ်တွေထုတ်တဲ့နေရာမှာ သစ်တောဦးစီးဌာနမှ သတ်မှတ်ထားတဲ့အတိုင်း ထုတ်နေရတာဆိုတော့ သစ်တောတွေ စနစ်တကျဘယ်လိုထုတ်ယူသုံးစွဲမလဲဆိုတဲ့ သစ်တောတွေ ဘယ်လိုမြှင့်တင်မလဲ၊ ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာတွေ ဆွေးနွေးမယ့် အကျိုးရှိမဲ့ ဆွေးနွေးပွဲဆိုတော့ ကြိုဆိုပါတယ် ဟု မြန်မာ့သစ်လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါက်တာညီညီထွန်းက ပြောပါသည်။