RECOFTC မြန်မာ
ဆောင်းပါးများ

သစ်တောများ မျှတစွာ စီမံခန့်ခွဲရင်း ပိုမိုမြန်ဆန်သော အနာဂတ် သို့ လျှောက်လှမ်းခြင်း

Tuangpi
RECOFTC သည် အရပ်ဖက်လူမှုအဖွဲ့အစည်းများ နှင့် အစိုးရကြား အချင်းချင်း ဆက်သွယ်ရေးသည် အမှန်တကယ်လိုအပ်ကြောင်း နှင့် လက်ရှိတွင် ရှုပ်ထွေးသော အခြေအနေကို နားလည်ခဲ့ပါသည်။ လွတ်လပ်မှုရှိသည့် အဖွဲ့အစည်း (Third Party) တစ်ခုက ၎င်းတို့ အဖွဲ့ကြားတွင် ဝင်ရောက်ဆွေး နွေးညှိနှိုင်း ခြင်းသည် အချင်းချင်း ဆက်သွယ်ရာတွင် အဟန့်အတားများကို လျှော့နည်းစေမည်ဖြစ်သည်။ နှစ်ဖက်စလုံးသောအဖွဲ့မှ စားပွဲဝိုင်း ဆွေးနွေးရန် သဘောတူကြာင်း ကြားသိရချိန်သည် ကျွန်တော့်အတွက် အင်မတန် အံ့အားသင့်စရာ ဖြစ်သည်။
Stories of Change

အခြေအနေများသည် ဦးဆလိုင်းကျုံးလျှံထောင်း မျှော်လင့်ထားသလောက် လျင်မြန် ချောမွေ့မှု မရှိခဲ့ပါ။ ပျိုးပင် ဟုခေါ်သည့် ဒေသတွင်းအစီအစဉ်၏ အကြံပေးပုဂ္ဂိုလ် ဖြစ်သည့်အလျောက် ဦးဆလိုင်းသည် သစ်တောနှင့် မြေယာအုပ်ချုပ်မှုဆိုင်ရာ ကိစ္စများအတွက် ကွန်ယက်ချိတ်ဆက်မှု အားကောင်းစေရန် လုပ်ဆောင်ရသည်။ ဤသို့ လုပ်ဆောင်ရခြင်းမှာ လွယ်ကူသော အလုပ်တော့မဟုတ်ပါ။ မြန်မာအစိုးရသည် ၂၀၃၀ခုနှစ် တွင် ဒေသခံ  ပြည်သူ အစုအဖွဲ့ပိုင်သစ်တော ဧရိယာ ဧကပေါင်း ၂.၂၇ သန်း (၉၁၈,၆၃၆ ဟက်တာ) တည် ထောင် နိုင်ရမည်ဟု ရည်ရွယ်ခဲ့စဉ် ၂၀၁၀ ခုနှစ်တွင် အစုအဖွဲ့ပိုင်သစ်တော ဧရိယာ ဧက ၁၀၀,၀၀၀ (၄၀,၄၆၈ ဟက်တာ) ခန့် သာ တည်ထောင်နိုင်ခဲ့သည်။

    “မြန်မာ့ လူမှု အသိုင်းအဝိုင်းမှကြီးပြင်းတဲ့လူတစ်ယောက်အနေနဲ့အဲ့ဒီအချိန်က မြန်မာအစိုးရနှင့် အလုပ် တွဲဖက် လုပ်ကိုင်ဖို့ဆိုတာကတော့ ဖြစ်နိုင်ခြေမရှိတဲ့အတွေးပါ။ ဟု ဆလိုင်းကပြောပါသည်။ “အခုအချိန်ထိ ပူးပေါင်းလုပ်ကိုင်ရင် အကျိုးရှိပြီး  တိုးတက်မှု ပိုမိုမြန်ဆန်မယ် ဆိုတဲ့ အတွေးတွေဝေနေဆဲဖြစ်တယ်။ သို့သော်အရပ်ဖက်လူမှုအဖွဲ့အစည်း နှင့် အစိုးရသည် အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းကို သီးခြားဆက်လက်လုပ်ဆောင်နေကြမည်ဆိုလျှင် အဖွဲ့တစ်ခုသည် အခြားသောအဖွဲ့အစည်း၏ လုပ်ငန်းကို နောက်တစ်ဖွဲ့က မည်သည့်အလုပ်ကို လုပ်နေမှန်း သတိမထားမိပဲ တူညီတဲ့အလုပ်တစ်ခုကို လုပ်မိမယ် အဲ့ဒီအလုပ်ကိုလည်း တစ်ဖွဲ့နှင့် တစ်ဖွဲ့  မည်သည့်အလုပ် လုပ်သည်ကို မသိကြရင် အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဖော်ဆောင်သည့် နေရာမှာ နှောင့်နှေးမှာဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုတော် ကျွနု်ပ်တို့သည် အဖွဲ့ချင်းကြားမှာ မည်သို့ တွဲဖက်လုပ်ကိုင်မည်ဆိုတာကို မသိရှိလို့ပါ ဟု ဆလိုင်းကဆက်ပြောသည်။ 
တစ်ဦးလုပ်သည့် အလုပ်ကို တစ်ဦးကလည်း နားလည်မှုမရှိလျှင် တူညီသောအလုပ်ကို အတူတကွလုပ်နိုင်မည် မဟုတ်သည့်အပြင် သိရှိနားလည်မည်လည်း မဟုတ်ပါ။ အစုအဖွဲ့ပိုင်သစ်တော လုပ်ငန်း တိုးတက်မှု နှောင့်နှေးနေခြင်းမှာ အစိုးရနှင့် ပြည်သူ မည်သို့တွဲဖက်လုပ်ကိုင်ရမည်ကို မသိခဲ့သောကြောင့် ဖြစ်သည်” ဟုဦးဆလိုင်းက ပြောခဲ့သည်။ 
    “မည်သို့လုပ်ငန်းစတင်ရမည်ကို ကျွန်တော် သေချာမသိခဲ့ပါ။ လုပ်ငန်းတာဝန် အသစ်များနှင့် အစိုးရသစ် ရင်ဆိုင်ရသော အခါတွင် အစုအဖွဲ့ပိုင်သစ်တော လုပ်ငန်းသည် အစိုးရ၏ ပထမ ဦးစားပေး မဟုတ်သေးပါ။ ထို့ ပြင် အရပ်ဘက် လူမှု အဖွဲ့အစည်းများသည် အစိုးရနှင့် ကွာခြားသည်။ အလုပ်လုပ်သည့် ပုံစံကွာခြားသည်။ သတင်းအချက်အလက် ဖြန့်ဝေပုံကွာခြားသည်။ အရေးကြီးဆုံး အချက်မှာ အရပ်ဘက် လူမှုအဖွဲ့အစည်း များသည် အစိုးရဝန်ထမ်းမဟုတ်ပါ။ အစိုးရအဖွဲ့များသည် အစိုးရအဖွဲ့ အချင်းချင်းတွဲဖက် လုပ်ကိုင်ရာတွင် သာ လွယ်ကူ အဆင်ပြေကြသည်။” ဟု ဦးဆလိုင်းက ဆက်ပြောသည်။ 
    များသောအားဖြင့် ဒေသ အဆင့်တွင်သာ အစိုးရနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်း ဆက်သွယ် နိုင်ခဲ့ သော်လည်း တစ်ကြိမ်တည်းသော တွဲဖက်လုပ်ကိုင်ခြင်းတွင် ဦးဆလိုင်းသည် အစိုးရမှ မိမိသိသော ပုဂ္ဂိုလ် တစ်ဦးချင်းနှင့် တခါတရံ ဆက်သွယ် ဆောင်ရွက်ခဲ့သည်။ သို့သော် နိုင်ငံအဆင့်တွင် အစိုးရဝန်ထမ်းများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများ တရားဝင် စေ့စပ်ညှိနှိုင်းခြင်း၊ တွဲဖက်လုပ်ကိုင်ခြင်းများ မရှိခဲ့ပါ။
    ၂၀၁၂ခုနှစ်တွင် RECOFTC မှ “မြန်မာနိုင်ငံတွင် အစုအဖွဲ့ပိုင်လုပ်ငန်းတည်ထောင်ခြင်း အတွက် အဟန့်အတားများ” အကြောင်း အစိုးရဝန်ထမ်းများ နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ စကားဝိုင်းဆွေး နွေးပွဲပြုလုပ်ရာ တွင် ပါဝင်နိုင်ရန် ဦးဆလိုင်းကို ဆက်သွယ်သောအခါ ယုံကြည်မှု သိပ်မရှိခဲ့သော်လည်း ပါဝင်ရန် စိတ်အား ထက် သန်ခဲ့သည်။ RECOFTC မှ အစိုးရနှင့် အရပ်ဖက် လူမှု အဖွဲ့အစည်းများ၏ တူညီ သော ရည်မှန်းချက်များကို ရှင်းပြ၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ရန် စေ့စပ်ညှိနှိုင်းပေးပြီး နှစ်ဦးနှစ်ဖက် ဆက်သွယ်နိုင်ရန် ဦးဆောင်ပေးခဲ့သည်။ 
    “RECOFTC သည် ရှုပ်ထွေးသော အခြေအနေနှင့် အစိုးရနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်း ဆက် သွယ်ဆောင်ရွက်နိုင်ရန် အလွန်လိုအပ်ကြောင်းကို နားလည်ခဲ့သည်။ ဆွေးနွေးမှုများ အတူတကွ လုပ်ကိုင် ရန် တတိယ အဖွဲ့အစည်းရှိခြင်းသည် ဆက်သွယ်ဆောင်ရွက်ရာတွင် တွန့်ဆုတ် နှောင့်နှေးမှု နည်းစေ သည်။ အစိုးရနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်း တို့ ဆွေးနွေးညှိနှိုင်းရန် သဘောတူခဲ့သော အချိန်တွင် အလွန်အံ့သြပျော်ရွင်ခဲ့ရသည်။” ဟု ဦးဆလိုင်းကပြောခဲ့သည်။
    ပထမဆုံးအကြိမ်၂၀၁၂ ခုနှစ်တွင် ကျင်းပသော စကားဝိုင်းဆွေးနွေးပွဲ ၃ခုတွင် ပါဝင်တက်ရောက် သူများမှ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောများ ပိုမိုတည်ထောင်နိုင်ရန်နှင့် ရေရှည်တည်တံ့နိုင်ရန် စိန်ခေါ်မှုများအား ဆွေးနွေးရန် အစပြုခဲ့သည်။ သစ်တောဦးစီးဌာန၊ စီမံကိန်းနှင့် စာရင်းအင်းဌာန နှင့် အပူ ပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာန မှ ကိုယ်စားလှယ်များ၊ သစ်တော တက္ကသိုလ်မှ ဆရာများနှင့် လူမှု အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၉ ယောက်ပါဝင် တက်ရောက်ခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်သူများသည် အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းကို အထောက်အကူ ပြုနိုင်သော ကြားဝင် အကြံပြုမှု ၆ခုကို ဦးစားပေးပြောဆိုခဲ့သည်။ ၎င်းတို့တွင် ဒေသခံပြည်သူ သစ်တောလုပ်ငန်း ဥပဒေ ထုတ်ပြန်ရန်၊ အစိုးရဆိုင်ရာ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ဌာနစိတ် ဖွဲ့စည်းရန်၊ အစိုးရနှင့် အစိုးရမဟုတ် သော အဖွဲ့အစည်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် သုတေသန လုပ်ငန်းအစီအစဉ်များ လုပ် ဆောင်ရန်၊ အမျိုးသားအဆင့် အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း အဖွဲ့ ဖွဲ့စည်းရန်နှင့် လက်တွေ့ လုပ်ဆောင် သူများ အတွက် ဘက်မလိုက်သော အစပြုမှု တစ်ခုဖြစ်နိုင်ရန် တို့ပါဝင်သည်။ အလားအလာ ကောင်းသော ကြားဝင်အကြံပြုမှုများ ပြုလုပ်နိုင်ရန်အတွက် အကြံပေးချက်များနှင့် အစီအစဉ်များကို ဆွေး နွေးခဲ့ကြသည်။ အစိုးရနှင့် လူမှုအဖွဲ့အစည်းမှ ပါဝင်တက်ရောက်သူများသည် ကြားဝင်အကြံပြုမှုများကို အထောက်အကူ ပြုနိုင်သော သဘောတူ တာဝန်ယူခြင်း  နှင့် အကူအညီပေးခြင်းများ ပြုလုပ်လိုကြသည်။ ပါဝင်တက်ရောက် သူများ သည် ထိုစကားဝိုင်းဆွေးနွေးပွဲကို အစိုးရ၊ ပညာရပ်ဆိုင်ရာ တက္ကသိုလ်နှင့် လူမှု အဖွဲ့အစည်းများ မှ လက်တွေ့လုပ်ဆောင်သူများ အတွက် ကောင်းမွန်သော အစပြုမှု အဖြစ် အသိအမှတ် ပြုကြပြီး ထိုကဲ့သို့ အစည်းအဝေးမျိုးကို ပုံမှန်ကျင်းပရန် အကြံပေးခဲ့ကြသည်။ 
    “ ဆွေးနွေးပွဲသည် မိမိမျှော်လင့်ထားသည်ထက် ပိုမိုချောမွေ့ခဲ့သည်။ အစိုးရနှင့် လူမှုအဖွဲ့အစည်း နှစ်ဘက်လုံးက တွဲဖက်လုပ်ဆောင်ခြင်းနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း မရှိလျှင် လုပ်ငန်းများပိုမို ခက်ခဲနိုင် သည်ကို သဘောတူကြသည်။ ကျွန်တော် အဓိက မျှော်မှန်းသည်မှာ အစိုးရဌာနများ၊ အရပ်ဖက် လူမှုအဖွဲ့ အစည်း ဝန်ထမ်းများ နှင့် အခြားအဖွဲ့အစည်းများ အတူတကွ ပုံမှန် လုပ်ဆောင်နိုင်ရန် အမျိုးသားအဆင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအဖွဲ့ ဖွဲ့စည်းနိုင်ရန်ဖြစ်သည်။”ဟု ဦးဆလိုင်းကပြောခဲ့သည်။ 
    စကားဝိုင်းဆွေးနွေးပွဲများအပြီးတွင် အမျိုးသားအဆင့် ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တော လုပ်ငန်းအဖွဲ့အတွက်  တာဝန်များနှင့် လုပ်ပိုင်ခွင့်များကို ၂၀၁၃ခုနှစ် တွင် အတည်ပြုခဲ့ကြသည်။ အမျိုးသား အဆင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအဖွဲ့သည် အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအကြား တွဲဖက်လုပ်ကိုင်နိုင်ရန် နှင့် သတင်းအချက်အလက်များမျှဝေနိုင်ရန် ရည်ရွယ် သည်။  “ စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်နိုင်ရန် RECOFTC ၏ ကြားဝင်မှု မရှိခဲ့လျှင် အမျိုးသားအဆင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအဖွဲ့ မည်သည့်နည်းနှင့်မျှ ဖြစ်လာနိုင်မည် မဟုတ်ပါ။” ဟု ဦးဆလိုင်းက ပြောခဲ့သည်။ ပထမဆုံး တရားဝင်  အမျိုးသားအဆင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ၂၀၁၄ ခုနှစ်တွင် ကျင်းပမည်ဖြစ်သည်။