RECOFTC ရဲ့ Alumni တွေဟာ ဒေသခံ ပြည်သူ အစု အဖွဲ့ပိုင် သစ်တောလုပ်ငန်း ရှေ့သို့ တိုးတက်ရောက်ရှိလာစေဖို့ ကြိုးစား လုပ်ဆောင်ခဲ့ကြပါတယ် ။

01, June 2020
RECOFTC
သူတို့ကတော့ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းရဲ့ ရှေ့ဆောင်လမ်းပြတွေပေါ့။ သူတို့တွေဟာ အရှေ့တောင်အာရှတစ်ခွင်မှာ မြေယာရှုခင်း (landscape) များနဲ့ ဒေသခံတွေရဲ့ လူနေမှုဘဝတွေ တိုးတက်စေဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြတဲ့ သစ်တောလုပ်ငန်းအရာရှိများပါပဲ။ အခု တင်ဆက် ပေးမှာကတော့ အဲဒီသစ်တောအရာရှိတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုလို့ ဆိုနိုင်တဲ့ RECOFTC ထံမှ အစဦး သင်ယူလေ့လာမှုတွေ အကြောင်းပါ။

သစ်တောတွေနဲ့ဝေးရာ မြို့ပြရဲ့ ရုံးခန်းတစ်ခုထဲမှာ အလုပ် ထိုင်လုပ်နေရတဲ့အလုပ်ကို Von Sopanha တစ်ယောက် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ပါတယ်။ အရည်အချင်းရှိပြီး ရည်မှန်းချက်ကြီးတဲ့ Sopanha ဟာ ကမ္ဘောဒီယားနိုင်ငံမှာ သစ်တောသိပ္ပံဘွဲ့ဒီဂရီကို ရခဲ့တဲ့ ပထမဦးဆုံး အမျိုးသမီးတွေထဲက တစ်ဦးဖြစ်ပါတယ်။ Sopanha ဟာ မတူထူးခြားတာမျိုးတစ်ခုကို လုပ်ဖို့ စိတ်ပြင်းပြခဲ့ပါတယ်။  

ဒါပေမယ့်လည်း  ၉၀ပြည့်နှစ် အစောပိုင်း ကာလတွေမှာ ကမ္ဘောဒီးယား ပြည်တွင်းစစ်ဟာ တငွေ့ငွေ့ ရှိနေဆဲဖြစ်ပြီး ဒေသခံ ပြည်သူတွေနဲ့အတူ သစ်တော လုပ်ငန်းတွေ လုပ်ကိုင်ဖို့ တောတောင်တွေထဲကို အမျိုးသား သစ်တောအရာရှိတွေကသာ ဝင်ရောက်လုပ်ကိုင်ခွင့် ရခဲ့ပါတယ်။

အမေရိကားက ကထိကဆရာတစ်ယောက်ကို အမှတ်ရမိတယ်။လို့ Vong ကပြောတယ်။သူက ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းနဲ့ ပတ်သက်တာတွေကို သင်ပေးခဲ့တယ်။ စျေးကွက်ကို နားလည်ဖို့နဲ့ လူနေမှုအဆင့်အတန်း တိုးတက်ဖို့အတွက် ရင်းနှီးမြှပ်နှံမှု လိုအပ်ချက်တွေအကြောင်းပေါ့။ ဒီဘာသာရပ်ကို ခုချိန်ထိ ကျွန်မ မှတ်မိနေတုန်းပါပဲ။

RECOFTC ကနေ ပို့ချတဲ့ အဆိုပါသင်တန်းဟာ ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း နဲ့ ပတ်သက်တဲ့ သင်ရိုးကို သင်ကြားပေးတာဖြစ်ပါတယ်။ ပြီးတော့ ဒေသနဲ့ ဆက်စပ် အယူအဆသစ်တွေကိုပါ ပို့ချပေးခဲ့ပါတယ်။ အကျိုးအမြတ်မယူတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ RECOFTC ဟာဆိုရင် ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းကို အားကောင်း စေခြင်းအားဖြင့် နိုင်ငံများနဲ့ ဒေသခံပြည်သူများကို ရေရှည်ဖွံ့ဖြိုး တိုးတက်မှုနဲ့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ရည်မှန်းချက်များကို အောင်မြင်စေဖို့ အကူအညီပေးလျှက် ရှိ ပါတယ်။ RECOFTC ရဲ့ အလုပ်ရုံဆွေးနွေးပွဲ၊ seminar တွေကနေ အရှေ့တောင်အာရှ ဒေသတွင်းက သစ်တောအရာရှိတွေဟာ သစ်တောတွေနဲ့ ရေဝပ်ဒေသတွေကို မှီခိုနေကြတဲ့ ဒေသခံပြည်သူ လူထုအတွက် ၎င်းတို့မှီခိုရပ်တည်နေတဲ့ သစ်တောတွေနဲ့ ရေဝပ်ဒေသတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့နဲ့ စီမံခန့်ခွဲနိုင်ဖို့ ဘယ်လို အားပေး ကူညီ နိုင်မလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ သင်ယူခဲ့ကြပါတယ်။

Learn about Vong's experience
 
 

ကမ္ဘောဒီးယားမှာက နေရာဒေသတိုင်း၊ ပြည်နယ်တိုင်းမှာ သစ်တောတွေ ရှိတယ်။ ဒါဟာ ကျွန်မအတွက်တော့ တစ်နိုင်ငံလုံးအနှံ့ လျှောက်သွားပြီး ဒေသခံတွေနဲ့ တွေ့ဆုံနိုင်တဲ့ အခွင့်အရေးပါပဲ။ သူတို့ကိုတွေ့ဆုံ စကားပြော၊ ကူညီပေးနိုင်ခဲ့တယ်။ ကျွန်မက အစိုးရအဖွဲ့က လာတာပါ၊ ရှင်တို့တွေရဲ့ လိုအပ်ချက်တွေကို သိချင်ပါတယ် ဆိုပြီးတော့လည်း ပြောနိုင်ခဲ့တာပေါ့လို့ Vong ကပြန်ပြောင်း ပြောပြပါတယ်။

အင်္ဂလိပ် စကားပြောကို အဲဒီအချိန်ကာလတွင်းမှာမှ စတင် လေ့လာ သင်ယူရတဲ့ Sopanha အတွက်တော့ ၄လကြာ သင်ရိုးဟာ ခက်ခဲမှုရှိခဲ့ပေမယ့် အင်္ဂလိပ် စကားပြောကျွမ်းကျင်တဲ့ မလေးရှားက အတန်းဖော်သူငယ်ချင်း တစ်ယောက်ရဲ့ ကူညီပေးမှုနဲ့ သူမဟာ အများကြီး ကြိုးစားပြီး လေ့လာသင်ယူခဲ့ပါတယ်။ ဒေသခံပြည်သူ တွေ အတွက် သစ်တော ထိန်းသိမ်းစောင့်ရှောက်နိုင်ရုံသာမက သူတို့ရဲ့ စားဝတ်နေရေးအတွက် ရေရှည်အဆင်ပြေ ဝင်ငွေတိုး အောင် ဆောင်ရွက်နိုင်မယ့် လိုအပ်ချက်တွေကို သင်ယူလေ့လာခဲ့ရ ပါတယ်။

အမေရိကားက ကထိကဆရာတစ်ယောက်ကို အမှတ်ရမိတယ်။လို့ Vong ကပြောတယ်။ သူက ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းနဲ့ ပတ်သက်တာတွေကို သင်ပေးခဲ့တယ်။ စျေးကွက်ကို နားလည်ဖို့နဲ့ လူနေမှုအဆင့်အတန်း တိုးတက်ဖို့အတွက် ရင်းနှီးမြှပ်နှံမှု လိုအပ်ချက်တွေအကြောင်းပေါ့။ ဒီဘာသာရပ်ကို ခုချိန်ထိ ကျွန်မ မှတ်မိနေတုန်းပါပဲ။

ပြဿနာအဖြေရှာခြင်းတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ

Vong နဲ့ သူမရဲ့ အတန်းဖော်များဟာ RECOFTC က စီစဉ်သင်ကြားတဲ့ အဆိုပါသင်တန်းကို အစောဆုံး သင်ယူ ပြီးမြောက်ခဲ့ကြသူတွေဖြစ်ပြီး RECOFTC အနေနဲ့ အခြားသော သင်ရိုးများကိုလည်း ဆယ်စုနှစ်၃ခုကြာတဲ့အထိ စီစဉ် သင်ကြား ပေးနေဆဲပဲဖြစ်ပါတယ်။ ဒီသင်ရိုးတွေကို သီအိုရီပိုင်း သာမက ဒေသဆိုင်ရာ အကြောင်းအရာတွေနဲ့ ဒေသခံတွေရဲ့ အမြင် ရှုထောင့်တွေပါဝင်တဲ့ မြေပြင်ကွင်းဆင်း လုပ်ငန်းတွေ အားလုံး ပေါင်းစပ်ထည့်သွင်းထားပါတယ်။ တိုးများလာတဲ့ လူဦးရေ၊ လျှင်မြန်လွန်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ရာသီဥတု ပြောင်းလဲမှု တွေ ကြောင့် ဖြစ်လာတဲ့ သက်ရောက်မှုတွေဟာ သစ်တောတွေ အတွက် များပြားလာချိန်မှာ သစ်တောအရာရှိများရဲ့ စွမ်းဆောင်ရည် တိုးတက်ခိုင်မာစေဖို့ RECOFTC ရဲ့ သင်ရိုးတွေက အမြဲ ဆန်းသစ်လျှက်ရှိနေပါတယ်။

နှစ်၃၀ကြာပြီးတဲ့နောက်  Vong ဟာ အခုဆိုရင် ကမ္ဘောဒီးယားနိုင်ငံ ရဲ့ သစ်တော စီမံအုပ်ချုပ်မှု အပိုင်းမှာ အကြီးတန်းရာထူး နေရာတစ်ခုကို ရရှိထားပါတယ်။ ဒုတိယညွှန်ကြားရေးမှူးချုပ် တစ်ယောက်အနေနဲ့ သူမဟာ နိုင်ငံတွင်း ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း တည်ထောင်မှုကို ဆက်လက် အားပေးဆောင်ရွက် နေပါတယ်။ အထူးသဖြင့်တော့ သစ်တောများ ကို ဒေသတွင်း စီမံအုပ်ချုပ်မှုမှာ အမျိုးသမီးများ ပိုမို ပါဝင်လာစေဖို့ အလေးပေး ဆောင်ရွက်လျှက် ရှိပါတယ်။

အမျိုးသမီးများဟာ မိမိတို့ အိမ်ထောင်စုတွေ စားသုံးဖို့ ရောင်းချဖို့ အတွက် သစ်တောများအတွင်းက အစားအစာများကို စုဆောင်း ရလေ့ရှိပါတယ်။ အမျိုးသားများအနေနဲ့တော့ ကာယပိုင်း အသုံးပြု ရတဲ့ လုပ်ငန်း ဆောင်ရွက်မှုတွေ ဖြစ်တဲ့ ကင်းလှည့်ခြင်းနဲ့ အိမ်ဆောက်ဖို့ သစ်ခုတ်ခြင်း စတဲ့ အပိုင်းတွေမှာ ပိုမို လုပ်ဆောင် ကြပါတယ်။ ဒါပေမယ့် ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ ပတ်သက်တဲ့ အသိ ပညာတွေအပါဝင် တခြားထူးခြားတဲ့ ကျွမ်းကျင်မှုတွေ၊ အသိတွေ ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေရဲ့ ကဏ္ဍဟာ သစ်တောစီမံမှု အပိုင်းမှာ မှေးမှိန်နေခဲ့ပါတယ်။

ယုံကြည်မှုတည်ဆောက်ဖို့ အတွက် သင်တန်းတွေ ၊ အလုပ်ရုံ ဆွေးနွေးပွဲတွေဟာ အရေးကြီးသလို ကျား၊မ တန်းတူ ညီမျှမှုကို အသိအမှတ်ပြုခြင်းနဲ့ အမျိုးသမီးတွေ ပါဝင်စွမ်းဆောင်နိုင်ဖို့ အရေးပါတဲ့ နေရာပေးမှုတွေရှိဖို့လည်း လိုအပ်ကြောင်း Vong က ပြောပါတယ်။

ဦးစီးဦးဆောင်လုပ်ကြတဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ ဒေသ အတွက် ဆုံးဖြတ်ချက်ချတဲ့အခါ အစီအစဉ် ချမှတ်ရာမှာ အမျိုးသမီးတွေကို ပါဝင်ခိုင်းလိုက်ရင် အကျိုးဖြစ်ထွန်းလာမှာကို သူတို့ နားလည်ဖို့ လိုတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေဟာ သစ်တောကို အဓိကအသုံးပြုသူတွေထဲမှာ ပါနေလို့ပါပဲ။

အကောင်အထည်ဖော်ရမယ့်လုပ်ငန်းတွေကို ရှင်တို့ စာရင်း ပြုစုလိုက်ရင် အမျိုးသမီးတွေဝင်ပြီး စီမံနိုင်တာတွေအများကြီး ထွက်လာမယ် လို့ ဦးစီးဦးဆောင်လုပ်ကြတဲ့ အမျိုးသားတွေကို ကျွန်မ ပြောပြတယ်။

Vongဟာ ကမ္ဘောဒီးယားနိုင်ငံတွင်းမှာ RECOFTCအဖွဲ့ရဲ့ အကူအညီနဲ့ အမျိုးသားအဆင့် ကျား၊မရေးရာ မဟာဗျူဟာ ရေးဆွဲဖို့ လုပ်ဆောင်လျှက်ရှိပါတယ်။

ဒါက တရားမဝင်သစ်ခုတ်တာတွေကို ကာကွယ်တားဆီးတယ် ဆိုတာထက် ပိုပါတယ်။လို့ သူမက ပြောပါတယ်။

Vong in WAVES
Vong(ညာအစွန်)၊၂၀၁၉ခုနှစ်မတ်လမှာပြုလုပ်တဲ့ WAVES စီမံကိန်းဖွင့်ပွဲမှာတွေ့ရတဲ့အဖွဲ့ဝင်များ။ အာရှပစိဖိတ်ရဲ့ ကျား၊မရေးရာခေါင်းဆောင်များအတွက် ကျား၊မရေးရာနဲ့ သစ်တောလုပ်ငန်းတို့မှာ အပြောင်းအလဲများ ပြုလုပ်လာနိုင်စေဖို့ စွမ်းဆောင်ရည်မြှင့်တင်ပေးလျှက်ရှိပါတယ်

၉၀ပြည့်နှစ်တွေကစပြီး Vong တို့လိုRECOFTC ရဲ့ အစောဆုံး alumni တွေဟာ RECOFTC ရဲ့ သင်တန်းပြီးဆုံးလို့ နေရပ် ပြန်ခဲ့ကြချိန်မှာ ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း အတွက် အကောင်းဆုံးအရွေ့တစ်ခု ဖြစ်စေမယ် ဆိုတဲ့ ရည်မှန်းချက် ကိုယ်စီ ရှိခဲ့ကြပါတယ်။ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဟာ သစ်တောများကို ကာကွယ် ထိန်းသိမ်းခြင်း နဲ့ ဒေသခံ ပြည်သူတွေအတွက် ဆင်းရဲမှု ပပျောက်စေဖို့ အထောက် အပံ့ပေးနိုင်မယ့် ဖြေရှင်းချက်တစ်ခုဖြစ်တယ်လို့ သူတို့တွေဟာ သိရှိနားလည်ခဲ့ကြပါတယ်။

သင်ယူလာခဲ့တဲ့ ဗဟုသုတအသစ်တွေကို သူတို့ရဲ့ လုပ်ဖော် ကိုင်ဖက်တွေကို မျှဝေပေးခဲ့ပြီး ကွန်ယက် တည်ဆောက်တာတွေ၊ ဒေသခံတွေအတွက်  စမ်းသပ် စီမံကိန်းတွေ စတင် အကောင် အထည် ဖော်ခဲ့ကြပါတယ်။ တချို့ကလည်း သစ်တောဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စီမံမှုတွေ ဖြစ်လာအောင် မူဝါဒတွေ ပြောင်းလဲစေဖို့ သူတိုရဲ့ ဝန်ကြီးဌာနတွင်းမှာ ယူနစ်တွေ ဖွဲ့စည်း တာမျိုးတွေ လုပ်ခဲ့ကြပါတယ်။

အခုချိန်ထိ RECOFTC ရဲ့ သင်တန်းတွေကို လေ့လာ သင်ယူခဲ့ကြသူပေါင်းဟာ သစ်တောအရာရှိတွေအပါအဝင် ၆၀,၀၀၀ ကျော် ရှိခဲ့ပြီ ဖြစ်ပါတယ်။ သူတို့တွေဟာ ဒေသခံပြည်သူလူထုရဲ့ စားဝတ်နေရေး လုံခြုံစိတ်ချမှုရစေဖို့၊ သစ်တော လုပ်ပိုင်ခွင့်များ တိုးတက်စေဖို့ အတွက် ဥပဒေပြုရေးနဲ့ တခြားသော ပြုပြင် ပြောင်းလဲမှုများ ဖြစ်လာအောင် အားထုတ် နိုင်ခဲ့ကြပါတယ်။ ဒေသတွင်းမှာ ဟတ်တာ၁၅သိန်း ကျော်တဲ့ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောတွေ ရှိလာပြီး လူဦးရေ ၅ဒသမ၃သိန်း ပါဝင် လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

ခိုင်မာသော စည်းမျဉ်းစည်းကမ်းများ

RECOFTCရဲ့ နောက်ထပ် အစဦး alumni တစ်ဦးဖြစ်တဲ့ Lao Sethaphal ပြောပြတာက အဆိုပါ အစဦးကာလတွေမှာ လူသိနည်းတဲ့ မူဝါဒ ပြောင်းလဲရေး ဆိုတဲ့ စကားရပ်ကို ပြန့်ပွား စေရာမှာ သစ်တောအရာရှိတွေအတွက်သာမက ဒေသခံ ပြည်သူ တွေအထိပါ ရောက်ရှိစေဖို့ လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

၉၀ပြည့်နှစ်တွေက ကမ္ဘောဒီးယားနိုင်ငံရဲ့ သစ်တောတွေ လျော့နည်းလာခဲ့ရတာဟာ သစ်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေများလာ ခြင်းနဲ့ တရားမဝင် သစ်ခုတ်မှုများကြောင့် ဖြစ်ပြီး အစိုးရ အနေနဲ့ ဒါကို ဖြေရှင်းဖို့ လိုလာပါတယ်။ RECOFTC ရဲ့ သင်တန်းများစွာကို သင်ယူ ပြီးမြောက်ခဲ့တဲ့ ငယ်ရွယ်တဲ့သစ်တောအရာရှိ Lao တစ်ယောက် သူ့အဖွဲ့တွေနဲ့အတူ ဒီစည်းမျဉ်းတွေ၊ မူဝါဒတွေ ပြောင်းလဲဖို့ ကြိုးစားခဲ့တာကြောင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ဥပဒေ၊ မူဘောင်တွေ အကောင်အထည်ဖော်နိုင်ဖို့ အစိုးရက ခွင့်ပြုခဲ့ပါတယ်။

ဒါဟာ ဒေသခံတွေအတွက် အခွင့်အလမ်းတစ်ရပ်လို့ မြင်မိတယ်။ သူတို့ရဲ့ သစ်တောကို အသုံးပြုနိုင်၊ စီမံနိုင်တဲ့ အခွင့်အရေး ရနိုင်မယ်။ သစ်တောကို ဘယ်လို ကာကွယ်မယ်၊ ဘယ်လို အသုံးပြုမလဲ ဆိုတာတွေကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက် ချလာနိုင်မယ်။လို့ သူက ပြောပါတယ်။

Lao Sethaphal
RECOFTC သင်တန်းများကို သင်ယူလေ့လာခဲ့တဲ့ Lao၊ ၎င်းဟာ ကမ္ဘောဒီယားနိုင်ငံရဲ့ ဒေသခံအစုအဖွဲ့ပိုင် သစ်တော လုပ်ငန်းနဲ့ ပတ်သက်တဲ့ (Sub-Decree) ပြဌာန်းနိုင်ဖို့ မူဘောင် ချမှတ်ရေး အတွက် အဓိက လုပ်ဆောင်ခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံအစိုးရဟာ အမျိုးသားအဆင့် မူဝါဒ တစ်ရပ် ထွက်ပေါ်လာစေဖို့ ဒေသခံလူထု၊ ဒေသခံ အဖွဲ့အစည်းများ၊ တခြား ဆက်စပ်ပတ်သက်သူများနဲ့ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါတယ်။ အစိုးရအနေနဲ့ တွေ့ရှိချက်များကို သုံးသပ်ပြီး ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း sub-decreeကို အမျိုးသားအဆင့် မူဝါဒတစ်ရပ်အဖြစ် ၂၀၀၃ ခုနှစ်မှာ ပြဌာန်းခဲ့ပြီး သစ်တော ဥပဒေမှာ အပြောင်းအလဲ လုပ်နိုင်ခဲ့ပါတယ်။ သုံးနှစ် ကြာပြီး နောက်မှာတော့ ဒေသခံလူထုပါဝင်စီမံနိုင်တဲ့ စည်းမျဉ်း စည်းကမ်း ထွက်ပေါ်လာနိုင်ခဲ့ပါတယ်။

လူတိုင်းနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ အများကြီး လုပ်ခဲ့ပါတယ်။ သူတို့တွေက ဒီဟာကိုတော့လိုတယ်။ အဲဒါကိုတော့ ပြောင်းလဲ ချင်တယ် စသည်ဖြင့်ကျွန်တော်တို့ကို လူထုက ပြောပြ ခဲ့တယ်။ ဒါတွေအကုန်လုံးပါဖို့ ကျွန်တော်တို့ ကြိုးစား ခဲ့ကြပါတယ်။ နှစ်အတော်ကြာအောင်တော့ အချိန်ယူခဲ့ရပါတယ်။လို့ Lao က ဆိုပါတယ်။

Lao ဟာ သစ်တောတွေအနီးက ရွာသူရွာသားတွေကို သင်တန်း တွေ စပေးခဲ့ပါတယ်။ ဒီနေ့အချိန်မှာတော့ ရာပေါင်း များစွာသော ဒေသခံတွေဟာ သူတို့ရဲ့ စားဝတ်နေရေး အတွက် အထောက်အပံ့ ပေးနိုင်တဲ့ သစ်တော ဧရိယာတွေကို ဒေသခံတွေ ကိုယ်တိုင် စီမံနိုင်မယ့် တရားဝင် သဘောတူညီမှုတွေ ရရှိပြီးပါပြီ။

Tuần tra rừng
ကမ္ဘောဒီးယားနိုင်ငံရဲ့ Beng Per တောရိုင်းတိရစာ္ဆန် ဘေးမဲ့ နယ်မြေဝန်းကျင်မှာ တည်ရှိတဲ့ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများကို ကင်းလှည့်နေတဲ့ Preah Vihear ပြည်နယ်ရှိ Chombok Hos အဖွဲ့ဝင်များကို တွေ့ရစဉ်။

ကမ္ဘောဒီးယားအစိုးရပိုင်း သစ်တောအုပ်ချုပ်မှု ကဏ္ဍမှာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဖြစ်နေပြီဖြစ်တဲ့ Lao တစ်ယောက် အခု ဆိုရင်တော့ ဒီဥပဒေအသက်ဝင်လှုပ်ရှားအောင် ဆောင်ရွက် နိုင်ပြီ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိက ပြဿနာတစ်ခု ဖြစ်နေဆဲ ဖြစ်တဲ့ တရားမဝင် သစ်ခုတ်ခြင်းကို တားဆီးနိုင်ဖို့ သူဟာ ဒေသခံလူထုနဲ့ အနီးကပ် အလုပ်လုပ်ပါတယ်။ ဒီအပိုင်း မှာလည်း RECOFTC သင်တန်းတွေက ရခဲ့တဲ့ သူ့ရဲ့ ကျွမ်းကျင်မှု အရည်အချင်းတွေက ဘယ်လောက်တန်ဖိုး ရှိတယ် ဆိုတာ သက်သေပြနိုင်တယ်လို့ ဆိုပါတယ်။

အခုဆိုရင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ထက်ပိုတဲ့ ဥပဒေအသက်ဝင်လှုပ်ရှားမှုနဲ့ ဆိုင်ရာ သင်တန်းတွေ ပေးဖို့ ရွာတွေထဲကို ကျွန်တော် သွားပါတယ်။ RECOFTC သင်တန်းတွေကနေ ကျွန်တော်သင်ယူရခဲ့တဲ့ အရာတွေ ဖြစ်တဲ့ လူအများနဲ့ ပြောဆိုဆွေးနွေးစည်းရုံးနိုင်မှု၊ ပူးပေါင်း ဆောင်ရွက်ခြင်း အရေးပါမှု၊ ဒေသခံလူထုနဲ့ ရင်းနှီးမှု တည်ဆောက်ခြင်း ဆိုတဲ့ အကြောင်းတွေကို စဉ်းစားတွေးတော နေမိပါတယ်။

ဒေသခံပြည်သူလူအပေါ် နားလည်မှုပေးခြင်းရဲ့ အရေးပါပုံနဲ့ ဒေသခံတွေကို နားလည်ဖို့ လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို ကျွန်တော် RECOFTC သင်တန်းတွေကနေ ရခဲ့တာပါ။

အောင်မြင်မှုအတွက် သုတေသန သော့ချက်

ကမ္ဘောဒီးယားနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက အကြီးတန်းအရာရှိတစ်ဦး ဖြစ်တဲ့ Kim Sarin အတွက်တော့  RECOFTC သင်တန်းတွေကနေ သင်ယူရရှိခဲ့တဲ့ အရာတွေထဲက အနေနဲ့ သုတေသန ပြုလုပ်ခြင်း အရေးပါမှုဟာ အပြောင်း အလဲဖြစ်စေဖို့ အထောက်အကူပေးတယ် ဆိုတဲ့ အချက်ကို ထောက်ပြ ပြောဆိုပါတယ်။ သစ်တောတွေပေါ်မှာ မှီခို ရပ်တည် နေတဲ့ ဒေသခံပြည်သူတွေရဲ့ အမျိုးမျိုးသော လိုအပ်ချက်တွေကို ဆန်းစစ်နိုင်ဖို့နဲ့ ဒေသခံတို့အတွက် အကူအညီ အထောက်အပံ့ ပေးတဲ့ လုပ်ဆောင်ချက်တွေရဲ့ အောင်မြင်မှုကို တိုင်းတာဖို့အတွက် သင့်တော်တဲ့ ညွှန်းကိန်းတွေကို အသုံးပြုနိုင်မယ့် တခြားသော ကျွမ်းကျင်မှုများကို  RECOFTC ကနေ Kim ဟာ သင်ယူ တည်ဆောက်ခဲ့ပါတယ်။

ကျွန်တော်ကတော့ သုတေသနကို ယုံတယ်။ ဘာလို့လဲ ဆိုတော့ လူတွေရဲ့ ယုံကြည်မှုကို ရဖို့အတွက် အထောက်အထားပြဖို့ လိုတယ်လေလို့ ၎င်းက ပြောပါတယ်။ သူဟာ ကျေးလက်ပြည်သူ တွေကို ဝင်ငွေကောင်းအောင် ကူညီဖို့အတွက် ၎င်းတို့နဲ့ အနီးကပ် အလုပ်လုပ်နေပါတယ်။

ဒေသခံပြည်သူကိုပဲ ဖြစ်ဖြစ်၊ အဆုံးအဖြတ်ပေးနိုင်တဲ့ အစိုးရ တာဝန်ရှိသူကိုဖြစ်ဖြစ် ပြောဆိုတဲ့အခေါ သုတေသနက အထောက်အထား၊ သက်သေပြချက် အနေနဲ့ လိုအပ်ပါတယ်။ အဲဒီလိုမျိုး အရေးကြီးတဲ့ RECOFTC သင်ခန်းစာတွေကို ခုထိ မှတ်မိနေပါတယ်။

Learn about Kim's experience
 
 

၉၀ပြည့်နှစ်နှောင်းပိုင်းမှာ RECOFTCရဲ့ သင်တန်း တက်ရောက် ပြီးကာစ Kim တစ်ယောက် Kampot ပြည်နယ် တောင်ပိုင်းမှာ ဒေသခံရွာသူရွာသားတွေနဲ့ စပြီး အလုပ်လုပ်ခဲ့ပါတယ်။ ဒီပြည်နယ် ရဲ့ သစ်တောဧရိယာဟာ ရေရှည် ဖွံ့ဖြိုးမှု မဖြစ်စေတဲ့ အလေ့အကျင့်တွေကြောင့် မြေအတန်းအစား ဆိုးရွားစွာ ကျဆင်း နေခဲ့ပြီး မြေဆီလွှာတိုက်စားမှုတွေကြောင့် အနီးဝန်းကျင်က လယ်ယာမြေတွေကို ပျက်စီး လာစေခဲ့ပါတယ်။ ဒါကြောင့် ဒေသခံတွေဟာ မြေဆီလွှာတိုက်စားမှုတွေကို လျှော့ချစေဖို့နဲ့ သီးနှံစိုက်ခင်းတွေ ပိုများလာစေဖို့၊ သူတို့ ကျေးရွာ အနီးအနားက သစ်တောတွေကို ကာကွယ်စောင့်ရှောက်ခြင်းနဲ့ သစ်တောသစ်ပင် ပြန်လည် စိုက်ပျိုးခြင်းတွေ ဆောင်ရွက်နိုင်မယ့် အစီအမံတစ်ရပ် ထွက်ပေါ်လာအောင် အစိုးရ တာဝန်ရှိသူတွေနဲ့ စတင်ပြီး လုပ်ဆောင်ခဲ့ကြပါတယ်။

အခုလို ထိန်းသိမ်း စောင့်ရှောက်မှု အတွက် ဒေသ အနေနဲ့လည်း ဝင်ငွေတိုးစေနိုင်တဲ့ မျှစ်နဲ့ ထင်း အစရှိတဲ့ အခြား သစ်တောထုတ်ကုန်တွေကိုပါ ၎င်းတို့ ပြန်လည် ထိန်းသိမ်းထားတဲ့ သစ်တောတွင်းကနေ ရယူနိုင်ခဲ့ပါတယ်။ စီမံကိန်းအောင်မြင်မှု အနေနဲ့ ၂၀၀၉ခုနှစ်မှာ ဒေသခံရွာသား တွေဟာ မြို့တော်မှာ ဆုရခဲ့ပါတယ်။

သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး တခြားလယ်သမား တွေ၊ ဒေသခံပြည်သူတွေနဲ့ သစ်တော အရာရှိတွေကို မျှဝေမှု တွေ ပြန်လုပ်ခဲ့ကြပါတယ်။

စီမံကိန်းဟာ လူတွေရဲ့ စိတ်ကို ပြောင်းလဲ နိုင်ခဲ့ပါတယ်။ ဒေသလူထုဟာ တောတောင် မြေယာရှုခင်းကို ကာကွယ် စောင့်ရှောက်ခြင်းကနေ ရလာတဲ့ အကျိုးကျေးဇူးတွေကို မြင်လာ နိုင်ခဲ့တယ်လေ။လို့ Kim ကပြောပါတယ်။

ဒါပေမယ့် စီမံကိန်းတွေ အားလုံးအောင်မြင်တာတော့ မဟုတ်ပါဘူး။ တချို့စီမံကိန်းတွေဟာ စီမံအုပ်ချုပ်မှု အားနည်းခြင်းကြောင့် မအောင်မြင်ခဲ့ဘဲ သစ်တောတွေကို ဘယ်လိုစီမံမလဲ ဆိုတဲ့ ကျွမ်းကျင်မှုတွေ မရှိခြင်းကလည်း တခါတရံမှာ ဒေသခံလူထုရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ တွေဝေနှောင့်နှေးမှု ဖြစ်စေပါတယ်။

“သစ်တောလုပ်ငန်းအတွက် ရှေ့သို့ တိုးတက်ရောက်ရှိစေမယ့် နည်းလမ်းဟာ ဒေသခံလူထု ပူးပေါင်းပါဝင်ခြင်းပဲ ဖြစ်ပါတယ်” - Kim Sarin

သင်တန်းပေးခြင်းနဲ့အလားတူ ဒေသခံလူထုနဲ့ သစ်တော အရာရှိ တွေ ကြားမှာ သတင်းအချက်အလက်နဲ့ အသိပညာမျှဝေဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ အတွက် ကွန်ယက် တည်ဆောက်ခြင်ဟာလည်း အရေးပါပါတယ်။လို့ Kim က ပြောပါတယ်။ အခုလက်ရှိစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မယ်လို့ သူက ယုံကြည်ပါတယ်။ သစ်တောကဏ္ဍ အတွက် အရေးကြီးတဲ့ လမ်းကြောင်းဟာ ဒေသခံပြည်သူ ပူးပေါင်းပါဝင်ခြင်း ဖြစ်ပြီး ဒီနည်းလမ်းက လက်ရှိ စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင် မှာဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။

Kampong Speu ပြည်နယ်မှာ ဒေသခံလူထုက စီစဉ်ဖွင့်လှစ်တဲ့ ခရီးသွားလုပ်ငန်းအခြေပြု စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ စွန်းစားခန်းခရီးစဉ်မှာ နိုင်ငံခြားဧည့်သည်တွေပါဝင်ပြီး အားလုံး ပြုံးပျော်နေကြတဲ့ ဓါတ်ပုံတွေပါတဲ့ ဖုန်းကို Kim က ဆွဲထုတ် လိုက်ပါတယ်။ Kim ဟာ ၁၉၉၈ မှာ ဆောင်ရွက်လို့ရနိုင်ပြီး အဆင်ပြေလွယ်ကူတဲ့ လေ့လာမှုတစ်ရပ် ပြုလုပ်ပြီး ရွာသားတွေကို ဒီစီးပွားရေးလုပ်ငန်းအစပြုနိုင်ဖို့ ကူညီထောက်ပံ့မှုစလုပ်ပါတယ်။ နှစ်အတော်ကြာပြီးတော့ ရွာ၆ရွာပေါင်းပြီး အခုလိုမျိုး တောတွင်း စွန့်စားခန်း ခရီးစဉ် စီးပွားရေး လုပ်ငန်းကို လုပ်ဆောင် နိုင်ခဲ့ ပါတယ်။ ရလာတဲ့ ဝင်ငွေထဲက အိမ်ထောင်စုတစ်ခုစီအတွက် ရရှိမယ့်ဝေစု၊ သစ်တော ထိန်းသိမ်း စောင့်ရှောက်ရေး နဲ့ သစ်တောတွင်း လှည့်ကင်းလှည့်ဖို့[1]  အတွက် သုံးစွဲမယ့် ပမာဏ တို့ကို သတ်မှတ် သဘောတူခဲ့ပါတယ်။ [2] 

first course in Cambodia
Kim (အပေါ်ဆုံးဘယ်အစွန်) ၊ ၁၉၉၆မှာ စတင်ဖွင့်လှစ်တဲ့ ကမေ္ဘာဒီးယားနိုင်ငံရဲ့ ပထမဆုံး လူထုအခြေပြု သဘာဝ သယံဇာတ စီမံရေးဆိုင်ရာ သင်ခန်းစာ သင်ရိုးကို သင်ယူ ပြီးမြောက်ခဲ့သူများကို တွေ့ရစဉ်။ Kim ဟာ အဆိုပါ သင်တန်း တက်ရောက်ဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံ သစ်တော စီမံရေးနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနမှ ရွေးချယ်စေလွှတ်ခံရတဲ့ ပထမဆုံး ဝန်ထမ်းအယောက် ၂၀မှာ ပါဝင်ခဲ့ပါတယ်။

တခါတလေတော့ ရွာသူရွာသားတွေကြားမှာ ငွေကြေးနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေရှိတယ် ။ နောက်ပြီး မြေယာ ကျူးကျော်မှု တို့လိုမျိုးတခြား ပြဿနာတွေလည်းရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ အတူတကွ ဆက်လုပ်နေတယ်။ လုပ်ကိုင်ရင်းနဲ့ သင်ယူတာမျိုး၊ အစည်းအဝေးတွေကို ကူညီ ပံ့ပိုးပေးတာမျိုးတွေ ကျွန်တော်တို့ လုပ်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့တွေ ဒီပြဿနာတွေအတွက် အတူတကွ ဖြေရှင်းနိုင်လာမယ်။လို့ သူကပြောပါတယ်။

အငြင်းပွားမှုဟာ စိန်ခေါ်မှုတစ်ရပ်

သစ်တောဆိုင်ရာ အငြင်းပွားမှုဟာ အရှေ့တောင်အာရှ အတွက် တော့ အမြဲတမ်းစိန်ခေါ်မှု တစ်ရပ်ပါပဲ။ အရှေ့တောင် အာရှမှာ သစ်ခုတ်မှုနဲ့ မိုင်းလုပ်ငန်းတွေ၊ စားအုန်းဆီ စိုက်ပျိုးခြင်းများ အတွက် လုပ်ပိုင်ခွင့် ချထားပေးမှုတွေနဲ့ အမျိုးသား ဥယျာဉ်တွေ ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့လိုမျိုး သစ်တော စီမံအုပ်ချုပ်မှု စနစ်တွေမှာ ဒေသခံပြည်သူလူထုရဲ့ စိတ်ဝင်စားမှု တွေကို ချန်လှပ်ထားလေ့ ရှိကြပါတယ်။

ဒီအငြင်းပွားမှုတွေကို လျှော့ချစေနိုင်ဖို့အတွက် ဆက်စပ် ပတ်သက်သူအားလုံးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပိုအားကောင်းမယ့် နည်းနာဗျူဟာတွေကို သစ်တောအရာရှိတွေ အတွက် RECOFTC သင်ရိုးသင်ခန်းစာတွေက ကူညီထောက်ပံ့ပေးပါတယ်။       ပဋိပက္ခတွေ[1] [2] ကို လျှော့ချနိုင်ဖို့အတွက် အားလုံးပူးပေါင်းပါဝင်တဲ့ စီမံခန့်ခွဲမှုဟာ အဓိကသော့ချက်ဖြစ်တယ်ဆိုတာကို နားလည် သဘောပေါက်ခဲ့တယ်လို့ ၁၉၈၈ ခုနှစ်မှာ ဒေသခံပြည်သူအစုအဖွဲ့ ပိုင် သစ်တောလုပ်ငန်းနဲ့ ပတ်သက်တဲ့ RECOFTC ရဲ့ ပထမဆုံး သင်တန်းကို တက်ရောက်ပြီးမြောက် ခဲ့တဲ့ မလေးရှားနိုင်ငံက သစ်တောအရာရှိတစ်ဦးဖြစ်တဲ့ Ricky Alisky Martin က ပြောပါတယ်။

First course at RECOFTC
၁၉၈၈ခုနှစ်မှာ RECOFTC ဟာ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းနဲ့ ပတ်သက်တဲ့ ပထမဆုံး Certificate Course ကို စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ အငယ်တန်းသစ်တောအရာရှိတစ်ဦးဖြစ်တဲ့ Martin ဟာ အဆိုပါ သင်တန်း တက်ရောက်ပြီးနောက် သင်ခန်းစာများကို လက်တွေ့ လုပ်ငန်းခွင် ဖြစ်တဲ့ မလေးရှားနိုင်ငံ Sabah ပြည်နယ်မှာ ပြန်လည်အသုံးချခဲ့ပါတယ်။

နှစ်အတော်ကြာပြီးနောက်မှာ Sabah ပြည်နယ်က သစ်တောတွေ နဲ့ ဇီဝမျိုးစုံမျိုးကွဲတွေအပေါ်မှာ မှီခိုနေထိုင်ကြတဲ့ ပစ်ပယ်ခံထားရ တဲ့ ဒေသခံလူထုနဲ့ တခြားဒေသခံတွေအတွက် အငြင်းပွားမှုတွေကို ဖြေရှင်းပေးနိုင်မယ့် လူထုပူးပေါင်းပါဝင်တဲ့ ကနဦး လုပ်ဆောင်မှု များစွာကို Martin နဲ့ တခြား သစ်တောအရာရှိတွေက လုပ်ကိုင် ဆောင်ရွက်ခဲ့ကြပါတယ်။

ဘန်ကောက်မြို့ကနေ RECOFTC သင်တန်းပြီးဆုံးလို့ ပြန်ရောက် လာခဲ့တဲ့ အငယ်တန်းသစ်တောအရာရှိ Martin ဟာ Kelawat သစ်တော ထိန်းသိမ်းရေး ဧရိယာအတွင်းက အရေးပါတဲ့ ရေဝေရေလဲ ဧရိယာတစ်ခုကို ပြန်လည် ထိန်းသိမ်းရေးလုပ်ငန်းမှာ ဦးဆောင် ခဲ့ပါတယ်။ ဒီသစ်တော ထိန်းသိမ်းရေးဧရိယာဟာ တခြား ခရိုင်တွေ က ရွာသူရွာသားတွေဟာ စိုက်ပျိုးရေး လုပ်ငန်းလုပ်ဖို့ အတွက် တောင်ယာမီးရှို့တာ၊ သစ်တောရှင်းလင်းခုတ်ထွင်တာတွေ လုပ်ထားခဲ့ကြတာပါ။ Martin ဟာ ကျေးရွာလူထု အစည်းအဝေး တွေကို ပါဝင် စီစဉ်ဆောင်ရွက်ခဲ့ပြီး နောက်ဆုံးမှာ ဟက်တာ ၂၀၀ ရှိတဲ့ သစ်တောနယ်မြေ (ဇုံ) တစ်ခုကို ပူးပေါင်းစီမံ အုပ်ချုပ်နိုင်မယ့် သဘောတူညီမှု တစ်ရပ် ထွက်ပေါ်အောင် ပါဝင် လုပ်ဆောင်နိုင် ခဲ့ပါတယ်။ သစ်တောဇုံကို သီးနှံသစ်တော ရောနှော စိုက်ခင်းများ၊ သစ်တောထိန်းသိမ်းရေး ဧရိယာနဲ့ လူနေအိမ်တို့အတွက် ပိုင်းခြား သတ်မှတ်ပေးနိုင်ခဲ့ပါတယ်။

“RECOFTC ကို မရောက်ခင် (သင်တန်းမတက်ခင်) က ပူးတွဲ သစ်တော စီမံခန့်ခွဲမှုအကြောင်းကို မကြားဖူးခဲ့ဘူး။လို့ စီမံကိန်းနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။ သစ်တောပူးတွဲစီမံခန့်ခွဲမှု အစီအစဉ်အရ ဒေသခံလူထုဟာ မြေဆီလွှာပုံမှန် ဖြစ်ရေး၊ ရေဝေရေလဲဧရိယာ တိုးတက် ကောင်းမွန်ရေးနဲ့ စားဝတ်နေရေး ရေရှည် တည်တံ့ ခိုင်မြဲရေး အတွက် ရာဘာ၊ ကျွန်းသစ်နဲ့ သစ်သီးဝလံများ စိုက်ပျိုးခဲ့ကြ ပါတယ်။ ထိန်းသိမ်းရေး နယ်မြေအတွင်းမှာ သစ်တောကို ကာကွယ် စောင့်ရှောက်ဖို့ လိုအပ်သလို ၎င်းတို့ အိမ်သုံးအတွက် ဝါးခုတ်ယူမှုကိုလည်း ခွင့်ပြုပေးထားပါတယ်။

ဒီမတိုင်ခင်က ဘာလိပ်ပြာ ၊ ဘာနှံကောင်မှ၊ တောဝက်ရိုင်း တစ်ကောင်တစ်လေမှ မရှိတော့ပေမယ့် ဆယ်စုနှစ် တစ်ခုအတွင်းမှာပဲ သူတို့တွေ ဒီနေရာကို ပြန်ရောက်လာခဲ့ ပါတယ်။လို့ Martin ကပြောပြပါတယ်။

၂၀၀၀ ခုနှစ်မှာ Sabah ဒေသရဲ့ ပထမဆုံး ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော လုပ်ငန်းကော်မတီ ဖွဲ့စည်းခဲ့တဲ့အကြောင်း ၎င်းက ပြောပါတယ်။ ကော်မတီဟာ Deramakot သစ်တော ထိန်းသိမ်းရေးဧရိယာမှာ ရှိတဲ့ သစ်တောအရာရှိများနဲ့ ဒေသခံရွာသူ ရွာသားတွေကြားမှာ အငြင်းပွားမှုတွေကို ဖြေရှင်း နိုင်ဖို့ ဆွေးနွေးမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ အငြင်းပွားမှု ဖြစ်နေတဲ့ ဧရိယာတစ်ခုမှာ ဆိုရင် ကျေးရွာ ခေါင်းဆောင် တွေဘက်က အနီးတစ်ဝိုက် သစ်တော ဧရိယာကို ကာကွယ် ထိန်းသိမ်းပြီး စီမံမှုလုပ်ရာမှာကူညီပေးဖို့ သဘောတူခဲ့ ကြပြီး Deramakot သစ်တော အရာရှိတွေဘက်ကတော့ ရွာသားတွေရဲ့ အိမ်တွေဆီကို သစ်တောထဲမှာရှိတဲ့ စမ်းချောင်းကနေ ရေပိုက်လိုင်း သွယ်တန်းပေးဖို့၊ တောမီး စနစ်တကျ ငြှိမ်းသတ် ကိုင်တွယ်နည်း သင်တန်းပေးဖို့၊ သစ်တောထဲမှာ သစ်ပင်တွေ စိုက်ပျိုးပေးမှု အတွက် ရွာသားတွေကို ငွေကြေး ထောက်ပံ့ပေးဖို့ သဘောတူပေး ခဲ့ပါတယ်။

ဆက်စပ်ပတ်သက်သူအားလုံးနဲ့ ကောင်းမွန်တဲ့ ဆက်သွယ် ပြောဆိုမှု ရရှိစေဖို့ RECOFTC သင်တန်းကနေ ကျွန်တော် သင်ယူခဲ့ရတယ်လို့ Martin ကပြောပါတယ်။

မလေးရှားနိုင်ငံမှာ လူမှုသစ်တောလုပ်ငန်းလို့ ခေါ်ဝေါ်ကြတဲ့ ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဟာ အားကောင်း လာခဲ့ပြီး အခုဆိုရင် ၁၀နှစ်ကြာ လုပ်ငန်းအစီအစဉ်တစ်ခုနဲ့အတူ အမျိုးသားအဆင့် မဟာဗျူဟာ ကိုပါ မကြာသေးမီကမှ ချမှတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာ Martin ဟာ ရေရှည် ဖွံ့ဖြိုးတိုးတက်တဲ့ သစ်တောစီမံခန့်ခွဲရေး ကဏ္ဍ၊ Sabah  ပြည်နယ် သစ်တောဌာန၊ လူမှုသစ်တောရေးရာ အပိုင်းရဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်လို့နေပါပြီ။ ဒေသခံရွာသားတွေ၊ စိုက်ပျိုးရေး ကုမ္ပဏီ ပိုင်ရှင်တွေနဲ့ အာဏာပိုင်တွေရဲ့ ကြားမှာ အငြင်းပွားမှုတွေဟာ အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်နေသေးတယ် လို့ ၎င်းကဆိုပါတယ်။ လူမှုသစ်တောလုပ်ငန်း (ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တော လုပ်ငန်း) ဟာ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မယ်ဆိုတာကိုတော့ အားလုံးက အပြည့်အဝ နားလည် သဘောပေါက်ကြတယ်လို့ သူက ယုံကြည်ပါတယ်။

ကျွန်တော်တို့တွေရဲ့ လူမှုရေး အငြင်းပွားမှု တွေကို ပြေလည် အောင် ထိန်းညှိပေးနိုင်ဖို့အတွက် လူမှုသစ်တောလုပ်ငန်း ကို လိုအပ်ပါတယ်

Ricky Alisky Martin

“Sabah ပြည်နယ်မှာ ဆင်းရဲတဲ့ စိုက်ပျိုးရေးသမားတွေ အများကြီး ရှိနေသေးတယ်။ လူဦးရေက တိုးလာတယ်။ ဒါပေမယ့် စိုက်ပျိုးနိုင်တဲ့ မြေနေရာတွေက နည်းလာပါတယ်။ ဒါကြောင့် သစ်တော ထိန်းသိမ်းစောင့်ရှောက်ရေးအပိုင်းမှာ ဖိအားတွေက ပိုများလာတယ်။ တစ်ချိန်တည်းမှာပဲ သစ်တောပိုင်နက်ကျူးလွန်မှု တွေနဲ့ ပတ်သက်တဲ့ ပြည်နယ်ဥပဒေတွေကို အသက်ဝင်အောင် အားထုတ်မှုကလည်း ဒေသခံလူထုကြားမှာ အငြင်းပွားမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်လို့ Martin ကပြောပါတယ်။

ကျွန်တော်တို့တွေရဲ့ လူမှုရေး အငြင်းပွားမှု တွေကို ပြေလည် အောင် ထိန်းညှိပေးနိုင်ဖို့အတွက် လူမှုသစ်တောလုပ်ငန်း ကို လိုအပ်ပါတယ်

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဟာ နှစ်ပေါင်းများစွာ ပြင်ဆင်မှုတွေ လုပ်ခဲ့ပြီး အခုဆိုရင် နိုင်ငံရဲ့ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းမှာလည်း အားကောင်း လာခဲ့ပြီ ဖြစ်ပါတယ်။ စိုက်ပျိုးရေး လုပ်ငန်း အတွက် ခုတ်ထွင် ရှင်းလင်းတာတွေနဲ့ သစ်ထုတ်လုပ်တာတွေကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ လာအိုနိုင်ငံရဲ့ သစ်တောတွေ ဟာ အတန်းအစား ကျဆင်းခဲ့ရ ပါတယ်။ အစိုးရအနေနဲ့ ၂၀၁၉ ခုနှစ်မှာ သစ်တောကဏ္ဍကို ဘဏ္ဍာရေးအရရော သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာအရပါ ပိုမို ရေရှည်ဖွံ့ဖြိုး တိုးတက်စေဖို့ အတွက် ဥပဒေကို ပြောင်းလဲမှု လုပ်ခဲ့ပါတယ်။ ၎င်းအပြောင်းအလဲမှာ သစ်တော ဧရိယာတွေအတွက် ကျေးရွာ လူထု ပါဝင်တဲ့ စီမံမှု တွေကို ပိုမို ထည့်သွင်း ပေးခဲ့ပါတယ်။

RECOFTC ရဲ့ သင်တန်းပေါင်းများစွာမှာ ပါဝင်သင်ယူခဲ့တဲ့ Bounpone Sengthong ဟာ အခုဆိုရင် စိုက်ပျိုးရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာန၊ သစ်တောဌာနမှာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူနေသူ ဖြစ်နေပါတယ်။ ကျေးရွာ၁၀၀၀ ကျော်ဟာ သစ်တော စီမံမှု အစီအစဉ်များကို အစိုးရထံ တင်ပြထားတယ်လို့ ၎င်းကဆိုပါတယ်။ အဆိုပါ အစီအစဉ်တွေမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်စေတဲ့ နည်းလမ်းတွေနဲ့ သစ်တောများကို အသုံးပြုမယ့် အစီအစဉ် (ဥပမာ-ကျွန်းစိုက်ပျိုးခြင်း[1] ) တွေပါဝင်တယ်လို့ ပြောပါတယ်။

teak
[ကျေးရွာ သစ်တောစီမံမှု အစီအစဉ်များနဲ့ ပတ်သက်ပြီး အမျိုးသားအဆင့် လုပ်ငန်းဆောင်ရွက်မှုများမှာ Sengthong အနေနဲ့ ပါဝင်လုပ်ဆောင်ခဲ့ပြီး အဲဒီစီအစဉ်တွေဟာ Xieng Amphai Siyalath (အပေါ်ပုံ) တို့လိုမျိုး တောင်သူတွေအတွက် ရေရှည်ကျွန်းသစ် ခုတ်နိုင်ဖို့ ကူညီပေးပါတယ်။]

ဒီအစီအစဉ်တွေကို လက်တွေ့မှာ ဘယ်လိုအသုံးချမလဲဆိုတာ အရမ်းကို အရေးကြီးပါတယ်လို့ Sengthong ကပြောပါတယ်။ ဒေသခံပြည်သူအတွက် စွမ်းရည်မြှင့်သင်တန်းများပေးပြီး ကူညီ ထောက်ပံ့ခြင်းဟာလည်း အောင်မြင်မှုရဖို့ သော့ချက် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောပြခဲ့ပါတယ်။

အနာဂါတ်အတွက် ပြင်ဆင်ခြင်း

အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ တက္ကသိုလ်ကထိက တစ်ဦး ဖြစ်တဲ့ Surin Onprom ဟာ အနာဂါတ်အတွက် အာရုံစိုက်နေပါတယ်။ အရှေ့တောင်အာရှမှာရှိတဲ့ သစ်တောတွေနဲ့ ဒေသခံပြည်သူတွေ ဟာ သစ်တောပြုန်းတီးခြင်းနဲ့ တန်းတူညီမျှမှု မရှိခြင်းတို့လို ကာလရှည်ကြာရှိနေတဲ့ ပြဿနာများနည်းတူ ရာသီဥတု ပြောင်းလဲခြင်းကြောင့်လည်း စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင် နေရပါတယ်။ အဆိုပါစိန်ခေါ်မှုတွေကို တွန်းလှန်နိုင်ဖို့အတွက် လိုအပ်တဲ့ အသိပညာ၊ စွမ်းရည်တွေကို တက္ကသိုလ် ကျောင်းသား များ အတွက် ဖြည့်ဆည်းပေးနိုင်ဖို့ အရေးကြီးကြောင်း Onprom ကပြောပါတယ်။

ကျောင်းသားတွေဟာ အနာဂါတ်မှာ နိုင်ငံရဲ့ မူဝါဒချမှတ်သူတွေ ဖြစ်လာကြမယ်လို့ Onprom ကဆိုပါတယ်။ သူဟာ လက်ရှိမှာ ဘန်ကောက်မြို့ ၊ Kasetsart တက္ကသိုလ်မှာ သစ်တော စီမံခန့်ခွဲမှု ပညာရပ်ကို သင်ကြားပို့ချပေးနေတဲ့ ဆရာတစ်ဦးပါ။

ဒီအရာတွေကို အနာဂါတ်မှာ ပြောင်းလဲချင်ရင် မျိုးဆက်သစ် တွေကနေ လုပ်ဆောင်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။

Onprom  ဟာ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော လုပ်ငန်း နဲ့ ပတ်သက်ပြီး နှစ်ပေါင်း၂၀ကျော်အောင် လုပ်ကိုင်ဆောင်ရွက်ခဲ့သူ ပါ။ ဒေသခံပြည်သူတွေရဲ့ အနာဂါတ် လုံခြုံစိတ်ချရမှုအတွက် ထိုင်းနိုင်ငံရဲ့ မြေယာအခွင့်အရေးများ အတွက် တရားဝင် အသိအမှတ်ပြုမှုများ အပါအဝင် ဒေသခံများ အတွက် သစ်တောဆိုင်ရာ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များ တိုးတက်လာဖို့ လိုအပ်ကြောင်း ၎င်းက ထောက်ပြပြောဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ဆိုင်ရာ ဥပဒေမူကြမ်းဟာ လွန်ခဲ့တဲ့ နှစ်၃၀အကြာက ထွက်ရှိခဲ့ပြီး မကြာသေးမီကာလမှာ အတည်ပြု ပြဌာန်းလိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။ ဥပဒေဟာ ဒေသခံပြည်သူအတွက် သဘာဝ သယံဇာတ စီမံရေးမှာ ပိုမိုနေရာပေးထားပါတယ်။ ဥပဒေ ပြဌာန်းမှု ဟာ မြေယာအခွင့်အရေးကို အားကောင်းအောင် ဆောင်ရွက်ဖို့ မလုံလောက်နိုင်ကြောင်းနဲ့ အထူးသဖြင့် သဘာဝဥယျာဉ်များနဲ့ ပြည်နယ်က ထိန်းချုပ်ထားတဲ့ တခြား သစ်တောများမှာ နေထိုင်ကြတဲ့ ထိခိုက်လွယ်သောအုပ်စုနဲ့ တိုင်းရင်းသား လူမျိုးစု များအတွက် မြေယာအခွင့်အရေး အားကောင်းစေဖို့ လိုပါတယ်။

Onprom ဟာ သူ့ရဲ့ ပထမဆုံးအသက်မွေးဝမ်းကျောင်းမှုကို RECOFTC မှာ ကွင်းဆင်းသုတေသန လက်ထောက်အဖြစ် စတင်ခဲ့တာပါ။ သစ်တောများ အပေါ်မှာ ဒေသခံပြည်သူလူထုဟာ နည်းလမ်းပေါင်းစုံနဲ့ ဘယ်လို မှီခိုနေတယ် ဆိုတာကို Onprom တစ်ယောက် လက်တွေ့ သင်ယူလေ့လာနိုင်ဖို့ RECOFTC ရဲ့ တည်ထောင်သူ Somsak Sukwong က ၎င်းကို ထိုင်းနိုင်ငံ မြောက်ပိုင်းကို စေလွှတ်ခဲ့ပါတယ်။

RECOFTC မှာ ၉နှစ်ကြာခဲ့တဲ့ သူရဲ့ အလုပ်အတွေ့အကြုံအရ သူယုံကြည်တဲ့ အချက်ကတော့ သစ်တောတစ်ခုစီနဲ့ ဒေသခံ လူမျိုးတစ်မျိုးစီတို့မှာ ကိုယ်ပိုင်အမူအကျင့်တွေ ရှိတာ ဖြစ်တဲ့ အတွက် စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ မတူညီတဲ့ လူမျိုးတွေ ဆီကနေ သင်ယူရရှိတဲ့ မတူညီတဲ့ နည်းလမ်းများကို အသုံးပြုဖို့ လိုအပ်တယ် ဆိုတာပါပဲ။

ဒီနေ့အချိန်မှာ Kasetsart တက္ကသိုလ်ရဲ့ ကထိကတစ်ဦး ဖြစ်နေပြီ ဖြစ်တဲ့ Onprom ဟာ တိုင်းရင်းသားလူမျိုးတစ်မျိုးစီရဲ့ မတူညီတဲ့ မျှော်လင့်ချက်များနဲ့ ပတ်သက်ပြီး RECOFTC ရဲ့ ကွင်းဆင်း လေ့လာတွေ့ရှိချက်တွေကို အသုံးပြုပြီး သူ့ကျောင်းသားတွေကို သင်ကြား ပြသလျှက်ရှိပါတယ်။ ဥပမာ - ထိုင်းနိုင်ငံ မြောက်ပိုင်း တောင်ကုန်းတောင်တန်းဒေသတွေမှာ နေထိုင်တဲ့ ကရင်လူမျိုး တွေရဲ့ သစ်တောဆိုင်ရာ အလေ့အကျင့်တွေနဲ့ နိုင်ငံအနောက်ပို်ငး မြေပြန့်ဒေသမှာ ရှိတဲ့ ကရင်လူမျိုးတို့ရဲ့ အလေ့အကျင့်တွေဟာ မတူညီကြပါဘူး။

Onprom
Onprom ၊ Kasetsart တက္ကသိုလ်မှာ စာသင်ကြားပေး နေပြီး မကြာသေးမီက အာဆီယံဒေသတွင်း လူမှု သစ်တောဆိုင်ရာ ပညာရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ခဲ့တဲ့ သုတေသနမှာ ပါဝင် ခဲ့ပါတယ်။

ကျွန်တော်တို့မှာ မတူကွဲပြားတဲ့ ဒေသခံပြည်သူတွေရှိတယ် ဆိုရင် မတူညီတဲ့ ပြဿနာဖြေရှင်းနည်းတွေကို လိုအပ်မယ်ဆိုတဲ့ အချက် ကို ကျောင်းသားတွေ သိဖို့ လိုတယ်။ တစ်နည်းထဲ သုံးတာမျိုး နဲ့တော့ မလုံလောက်နိုင်ဘူး။ ထိုင်းမှာ အဓိကပြဿနာ တစ်ခုက အကောင်းဆုံး ဖြေရှင်းနည်း တစ်ခုပဲ ရှိတယ်လို့ လူတွေ တွေး တာပဲ။ ဒါပေမယ့် ပြဿနာက မတူကွဲပြားခြင်းပါ။လို့ Onprom ကပြောပါတယ်။

Onprom ဟာ သူ့ရဲ့ ကျောင်းသားတွေနဲ့ ပတ်သက်ပြီး ရည်မှန်းချက် ကြီးကြီးထားပါတယ် ။တက္ကသိုလ်ရဲ့ သစ်တော ကလပ်မှာ အသင်းဝင်တွေ ဖြစ်ကြတဲ့ ကျောင်းသားတွေဟာ မကြာသေးခင်ကမှ ဂုဏ်သိက္ခာကြီးမားတဲ့ ကမ္ဘာလုံးဆိုင်ရာ သစ်တောအဖွဲ့အစည်း (link) ကို ထိုင်းနိုင်ငံအနေနဲ့ ပထမဆုံး ဝင်ရောက်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

Onprom ရဲ့ ကျောင်းသားတွေဟာ အပြည်ပြည်ဆိုင်ရာ သစ်တော ကျောင်းသားများ အဖွဲ့အစည်း (IFSA) မှာ အဖွဲ့ဝင်ဖြစ်ဖို့ အတွက် လည်း ကြိုးစားခဲ့ပါတယ်။ IFSA ဟာ တင်းကြပ်တဲ့ စစ်ဆေး အကဲဖြတ်မှုတွေ ပြုလုပ်ပြီးမှ အဖွဲ့ဝင်သစ်တွေကို ဝင်ခွင့်ပြု တာလည်း ဖြစ်ပါတယ်။ အဖွဲ့ဝင်ဖြစ်ခွင့်မရသေးခင်မှာ RECOFTC ကဦးဆောင်ပြီး ISFA အပါအဝင် တခြား အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းပြုလုပ်တဲ့ အခမ်းအနား တစ်ခုမှာ ကျောင်းသား တွေ တက်ရောက်ခဲ့ပါတယ်။ ဒီအခမ်းအနားဟာ ကမ္ဘာတစ်ဝှမ်းက ကျောင်းသားတွေကို ကွန်ယက်ချိတ်ဆက်ပေးတဲ့ အစီအစဉ် ဖြစ်ပါတယ်။

ဒါဟာ သူတို့တွေ (ကျောင်းသားတွေ) အတွက် သူတို့ရဲ့ အသိပညာ၊ အမြင်ရှုထောင့်တွေကို ဖွင့်ဟ ပြောဆိုခွင့်ရတဲ့ အခွင့်အရေးကြီး တစ်ခုပါပဲလို့ Onprom ကပြောပါတယ်။

မျိုးဆက်သစ်တွေဟာ သစ်တောတွေထဲမှာ ပျော်မွေ့လုပ်ကိုင် နေထိုင်သွားနိုင်ဖို့ သူက မျှော်လင့်ထားပါတယ်။ ချင်းမိုင်ဒေသတွင်း မှာ သစ်တောတွေထဲက ဒေသမျိုးရင်းပင်တွေရဲ့ မျိုးစေ့ဘဏ် တစ်ခုဖွင့်နိုင်ခဲ့တဲ့ ဒေသခံအုပ်စုတစ်ခုကို Onprom တစ်ယောက် သဘောကျနှစ်သက်နေပါတယ်။ 

အဆိုပါ ဒေသခံတို့အတွက် ဒီအစပျိုးလုပ်ဆောင်မှုကို ပိုမို အောင်မြင်အောင် ကူညီပေးဖို့ စိတ်အားထက်သန်နေတယ် လို့ သူက ပြောပါတယ်။ မျိုးစေ့ဘဏ်ကို အမြတ်အစွန်းရနိုင်မယ့် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်အောင် ပြောင်းလဲနိုင်ရင် ဒေသရဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်တဲ့အပြင် ဒေသရဲ့ ရိုးရာ ဓလေ့ထုံးစံကိုပါ ထိန်းသိမ်းရာ ရောက်နိုင်မှာ ဖြစ်တယ်လို့ Onprom ကပြောပါတယ်။

စားဝတ်နေရေး ပိုအဆင်ပြေလာပြီး ပိုကောင်းတဲ့ လမ်းကြောင်း သစ်တစ်ခုကို သူတို့တွေရလာအောင် ကျွန်တော် ကူညီပေး ချင်တယ်။ သူတို့ဟာ စိတ်ပိုင်းဆိုင်ရာနဲ့ တခြား ကူညီ ထောက်ပံ့ပေးမှုတွေ လိုအပ်နေပါတယ်။ လုပ်ရမယ့် အလုပ်တွေ အများကြီး ရှိနေပါတယ်

###

 

RECOFTC’s work is made possible with the support of the Swiss Agency for Development and Cooperation (SDC) and the Swedish International Development Cooperation Agency (Sida)