RECOFTC
Learning

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ သင်တန်း

အားလုံးပါဝင်သော ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ တုံ့ပြန်မှုများ နှင့် ရေရှည်ဖွံ့ ဖြိုးတိုးတက်မှုတို့အတွက် ဒေသခံပြည်သူဦးဆောင်သည့် သစ်တောစီမံခန့်ခွဲမှုဆိုင်ရာ အခမဲ့ အွန်လိုင်း သင်တန်း
ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ သင်တန်း

This e-course is available in English

သင်တန်းအတွက်စာရင်းပေးသွင်းခြင်း ကို ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်တွင် စတင်မည်ဖြစ်ပါသည်။ အချိန်နှင့်အမျှပြောင်းလဲမှု အခြေအနေကို သိရှိရန် ဤစာမျက်နှာတွင် ဝင်ရောက်လေ့လာပါ။ 

ယခု အခမဲ့ အွန်လိုင်းသင်တန်းသည် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တောအား  ကမ္ဘာလုံးဆိုင်ရာ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကြီးမားဆုံးစိန်ခေါ်မှုများကို ဖြေရှင်းသည့် နည်းလမ်းတစ်ခုအဖြစ် မိတ်ဆက်ထားပါသည်။ 

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းသည် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ တုံ့ပြန်မှုများ၊ ရေရှည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့ကို တွန်းအားပေးနိုင်သည်ကို အာရှပစိဖိတ်ဒေသနှင့် ကမ္ဘာတစ်ဝှမ်းနိုင်ငံများမှ အသိအမှတ်ပြုလာကြသည်။ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောဆိုသည်မှာ အဘယ်နည်း? မည်သည့်ပုံစံ ဖြစ်သနည်း?  ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော အောင်မြင်အောင် မည်သည့်အချက်များ ဆောင်ရွက်သင့်ပါသလဲ?  သစ်တောစီမံအုပ်ချုပ်မှုတွင် ‌ဒေသခံများ ပါဝင်ရန်  အဘယ်ကြောင့် လိုအပ်သလဲ?  ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း၏ အလားအလာများကို ဟန့်တားနေသည့် အရာများကား အဘယ်နည်း? 

ဤဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ သင်တန်းသည် အဆိုပါမေးခွန်းများနှင့် အခြားအကြောင်းအရာများကို ဖြေကြားပေးနိုင်ပါသည်။ သင်ရိုးသည် အာရှ ပစိဖိတ်ဒေသအတွက် အဓိကထားသော်လည်း အခြေခံသဘောတရားများမှာ ကမ္ဘာတစ်ဝှမ်း မည်သည့်နေရာတွင်မဆို အသုံးချနိုင်ပါသည်။ သင်တန်းကာလတစ်လျှောက်တွင် အတွေ့အကြုံများ၊ လက်တွေ့ဘဝ အခြေအနေတို့ကို အခြေခံ၍ သုံးသပ်သည့် အစီအစဉ်များ ပါဝင်ပါသည်။ သင်အနေဖြင့် သင်၏အတွေးအခေါ်များကို  မျှဝေနိုင်ပြီး အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။   

သင်တန်း၏ ထူးခြားချက်များ

  • လက်တွေ့ ဖြစ်ရပ်များကို အခြေခံ၍ သုံးသပ်သည့် အစီအစဉ်များ၊ စမ်းသပ်မှုများမှတဆင့်  ကွဲပြားခြားနားစွာ အခမဲ့ လေ့လာနိုင်ခြင်း။ 

  • အွန်လိုင်း အသုံးပြု၍လေ့လာရသည့် သင်ခန်းစာများအတွက် အချိန်  ၆ နာရီ နှင့် အင်တာနက်အသုံးပြုရန်မလိုဘဲ လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းအတွက် ၂ နာရီကို  မိမိအတွက် အသင့်တော်ဆုံးချိန်သတ်မှတ်၍  မိမိအစီအစဉ်ဖြင့် လေ့လာနိုင်ခြင်း။ 

  • အခြားသူများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အကြံဉာဏ်မျှဝေနိုင်သည့် အခွင့်အရေးများအား ချိတ်ဆက်ရယူနိုင်ခြင်း။ 

  • ဆန်းစစ်မှုတွင် ရမှတ် ၇၅ ရာခိုင်နှုန်းနှင့် အထက် ရရှိပါက သင်တန်းပြီးမြောက်ကြောင်းလက်မှတ် ရယူနိုင်ခြင်း။ 

သင်တန်းအချိန်ဇယား

သင်တန်းကာလ  လေ့လာနိုင်မည့်ပုံစံ  စာရင်းသွင်းရန် လင့်(ခ်) 

ကြာမြင့်ချိန် ၈ နာရီ

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ရက်မှ   ဩဂုတ်လ ၁၄ ရက်ထိ 

အွန်လိုင်းနှင့် အွန်လိုင်းမလို မိမိ အစီအစဉ်ဖြင့် လေ့လာခြင်း

စာရင်းသွင်းရန်ကလစ်ပါ

၂၀၂၃ ခုနှစ်၊ မေလ ၂၂ရက် မှ ဇွန်လ ၂၁ ရက်ထိ 

 

သင်တန်းကို မည်သူတွေအတွက် ရည်ရွယ်ထားပါသလဲ။

ဤသင်တန်းကို တက်ရောက်လေ့လာသင့်သူများမှာ သစ်တော၊ သစ်တောနှင့် ဆက်စပ်သည့်အသက်မွေးဝမ်းကြောင်းဖြင့် ဆောင်ရွက်နေသူများ၊ သစ်တော၊ သဘာဝပတ်ဝန်းကျင် သိပ္ပံ နှင့် ဖွံ့ဖြိုးရေးလေ့လာမှုဆိုင်ရာ ဘွဲ့ရများ၊ ကျောင်းသူကျောင်းသားများ၊ တိုးချဲ့ပညာပေးရေးလုပ်သားများ၊  ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်းနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အောင်မြင်ရန် ဒေသခံနှင့် ဌာနေတိုင်းရင်းသူတိုင်းရင်းသားတို့ကို ပံ့ပိုးချိတ်ဆက် ဆောင်ရွက်လိုသူများ တက်ရောက်လေ့လာသင့်ပါသည်။ 

သင်တန်းတက်ရောက်လေ့လာသူများသည် မြန်မာဘာသာစကားကို ရေးနိုင် ဖတ်နိုင်သည့် အခြေခံ ရှိရန် လိုအပ်ပါသည်။  ပူးပေါင်းပါဝင်သော သစ်တောစီမံခန့်ခွဲမှုကို စိတ်ဝင်စားသည့် အရပ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ နှင့် သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များအား ပါဝင်လေ့လာရန် ဖိတ်ခေါ်အပ်ပါသည်။ သုတေသန အရင်းအမြစ်များကို ရှာဖွေနေသည့် ပညာရှင်များ၊  အာရှပစိဖိတ် ဒေသအတွင်းရှိ သုတေသနပညာရှင်များနှင့်ချိတ်ဆက်၍ ကွန်ရက်တည်ဆောက်လိုသူများ၊  ဝန်ထမ်းများအတွက် ကျွမ်းကျင်မှုရရှိနိုင်သည့် အခွင့်အလမ်းကို ရှာဖွေနေသည့် အဖွဲ့အစည်းများ ၊ သစ်တောအသုံးပြုသူများ နှင့် ချိတ်ဆက်ဆောင်ရွက်မည့် နည်းလမ်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောမှ ဒေသခံများ၏ ရည်မှန်းချက်များကို ရရှိအောင်ကူညီလိုသူများကိုလည်း ကြိုဆို ဖိတ်ခေါ်ပါသည်။ 

သင်တန်းပါ အကြောင်းအရာများ

  • အာရှ ပစိဖိတ်ဒေသအတွင်းရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော သဘောတရားနှင့် လုပ်ဆောင်ချက်များ 
  • လူနှင့် သစ်တောများ ဆက်နွယ်မှု  
  • ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်းနည်းလမ်းများ 
  • ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်းဆိုင်ရာ အခြေခံမူများနှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောအောင်မြင်စေသည့်အချက်များ 
  • အလားအလာကောင်းသော ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း အောင်မြင်မှုရရန် ဆောင်ရွက်ရာတွင် ကြုံတွေ့နိုင်သော စိန်ခေါ်မှုများ 

သင်တန်းမှ သင်ရရှိလာမည့် အရာများ

  • ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းသည် သစ်တောစီမံခန့်ခွဲမှု၊ စီမံအုပ်ချုပ်မှုတွင် ဒေသခံများ၏ ချိတ်ဆက်မှုကို မြှင့်တင်နိုင်သည့် နည်းလမ်းအဖြစ် အသိအမှတ်ပြုလာနိုင်မည်။  
  • အာရှပစိဖိတ်ဒေသအတွင်း ကျင့်သုံးနေသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော ပုံစံ အမျိုးအစားပေါင်းစုံကို  သိရှိလာမည်။ 
  • ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော နည်းလမ်းများကိုသုံးသပ်ရန် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော မူဘောင်များကို အသုံးချတတ်လာမည်။  
  • မိမိဒေသ မိမိအခြေအနေတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောဆိုင်ရာ စိန်ခေါ်မှုများကို ဖော်ထုတ်လာနိုင်မည်။  

အသိအမှတ်ပြုလက်မှတ်ရယူခြင်း

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ သင်တန်း ပြီးဆုံးကြောင်းလက်မှတ်အား ဤသင်တန်းမှ ထိုက်တန်စွာပေးအပ်သွားပါမည်။ ဆန်းစစ်ချက်တွင် ရမှတ် ၇၅ ရာခိုင်နှုန်းနှင့်အထက်  ရရှိအောင် ဖြေဆိုပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော အခြေခံသဘောတရားဆိုင်ရာ ကျွမ်းကျင်သူများအုပ်စု၏ တစ်စိတ်တစ်ပိုင်းဖြစ်လာမည် ဖြစ်ပါသည်။  

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ သင်တန်းကို ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန် ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၊ ဆွီဒင်နိုင်ငံတကာ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့၏ ငွေကြေးပံ့ပိုးမှုနှင့် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ သင်တန်းပါအကြောင်းအရာများနှင့် ပက်သတ်သမျှသည် RECOFTC နှင့်သာ သက်ဆိုင်ပြီး ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန် ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၊ ဆွီဒင်နိုင်ငံတကာ ဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီတို့၏ သဘောထားအမြင်များနှင့် မသက်ဆိုင်ပါ။